ဖနုံ-ကျွဲခြံ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်​နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကျိုက်မရော ဒီဇင်ဘာ ၁၃

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်တွင် ​ ​ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန်အတွက် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဖနုံ-ကျွဲခြံ ကျေးရွာချင်းဆက် လမ်းအား ကတ္တရာခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ကျေးလက်လမ်း ဦးစီးအရာရှိဒေါ်ဆွေ​​ဆွေနွယ် (မြို့ပြ)နှင့် တာဝန်ရှိသူများက ယမန်နေ့ နေပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက် ကတ္တရာလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွက် ပြည်နယ်ငွေလုံး​ ​ငွေရင်း ရန်ပုံငွေ (၁၅၇. ၇သန်း)ဖြင့် လမ်းအရှည် ၁မိုင် အကျယ် ပေ၊ ထု ၁၅လက်မ လုပ်ငန်းကို (-၁၂-၂၀၂၀) ရက်နေ့တွင် စတင်ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပါက ဖနုံကျေးရွာအုပ်စုနှင့် ကျွဲခြံကျေးရွာ အတွင်းပိုင်းထိ ဆက်စပ်လျက်ရှိသောကျေးရွာများသို့ လွယ်ကူစွာ ကူးသန်းသွားလာနိုင်တော့မည်ဖြစ်ပြီးကျေးလက်ဒေသများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်ကြောင်း ကျေးလက်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေ​​​​​ဆွေနွယ်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)