ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ (၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ရန် ပန္နက်တင်ခြင်း မင်္ဂလာဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ကြံပင်ကျေးရွာ၌ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ရန် ပန္နက်တင်ခြင်းမင်္ဂလာကို ယနေ့နံနက်  နာရီက အဆိုပါ ရေစင်တည်ဆောက် မည့်နေရာ၌  ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ အခုတည်ဆောက်မည့့် စင်မြင့်ရေစင်က ဂါလံ(၂၄၀၀)ဆံ့(၁၀’x၁၀’x’)အမြင့် ၂၀ ပေ ဖြစ်ပြီး နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (.၈၉၀)ဖြင့် တည်ဆောက်ခြင်း ဖြစ်ပါတယ်၊ ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က တူးဖော်ပေးခဲ့တဲ့ / လက္မ  အဝီစိ စက်ရေတွင်းမှ ယခုစင်မြင့်ရေစင်ပေါ်ကို ရေမီတာစနစ်နဲ့ ရေတင်ပြီး ကျေးရွာ ကော်မတီက ဦးစီး၍ ကျေးရွာအတွင်း ရေကောင်းရေသန့်တွေကို သတ်မှတ်နှုန်းထားနဲ့ ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ တို့က  မင်္ဂလာအချိန်တွင် သတ်မှတ် နေရာ အသီးသီး၌ ပန္နက်တင်ခြင်းမင်္ဂလာကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တန်း (ပြန်/ဆက်)