မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လျက် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို့၌ ကိုဗစ်-၁၉ရောဂါရှာဖွေရာတွင် လွယ်ကူစေရေး RDT test kit များ ဝယ်ယူရန် အလှူငွေများ လာရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါရှာဖွေရာတွင် လွယ်ကူစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ RDT test kit များ ဝယ်ယူရန် အလှူငွေများ ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာ ပေးခြင်းများကို ယမန်နေ့ည ၇ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်သို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်မပြု ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်အား ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်း နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်‌ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့၊ မြို့ဈေးတွင် စားသုံးရန် မသင့်သည့် သက်တမ်းလွန် အစားအသောက်ကုန် ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊မြို့မဈေးအတွင်းစားသုံးရန်မသင့်သည့် သက်တမ်းလွန် အစားအသောက်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသညိ။

ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်း ကာကွယ်ဆေး (HPV) ကာကွယ် ဆေး ရပ်ကွက်များအတွင်း ထိုးနှံပေး

ပန်းဘဲတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ကာကွယ်ဆေး အား အမှတ်(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး လာရောက်ထိုးနှံ ပေးကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန် နေသောအစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော ကုန်စုံဆိုင်များ၌ Sodium Cyclamate သတ်မှတ်ပမာဏကျော်လွန်နေသောအစားအသောက်များ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၅)ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးသတ်ကားဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့တွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ(၁၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့်ဆေးရုံဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့ တိုင်းရင်းဆေးရုံ၊ ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်တွင် ဆေး ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ကပ် ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ(၁၃)ဦးတို့သည် ကျန်းမာရေး သတ်မှတ် ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်းသိရသည်။
Subscribe to