မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာတွင် မွမ်းမံရန်ပုံငွေဖြင့် မြေသားရေကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံ ရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေသားရေကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာသုံးဦး ဆေးရ ဆင်းခွင့်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့သည့် အတည် ပြုလူနာ မိန်းကလေးသုံးဦးသည် ဆေးဝါးကုသမှု ခံယူပြီးနောက် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။

ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေပြီဖြစ်သည့် တောင်ကုန်းရွာ အိုးလုပ်ငန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာမှ ဦးမြင့်ဆွေကပြောပြသည်။

ပင်လုံမြို့၌ ယာယီပျံကျဈေး ဖွင့်လှစ်သည့်နေရာ၌ စည်ပင်သာယာရေးကော်မတီနှင့် ဌာနမှတာဝန်ရှိသူများ ကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် ယာယီပျံကျဈေးအား ပင်လုံမြို့အဝင် ရပ်ကွက်(၁)၊ စိုက်ပျိုးရေးရပ်၊ လမ်းမတော်လမ်းဘေးတွင် ဟင်းသီးဟင်းရွက် များနှင့် သားငါးဆိုင်များအား ယနေ့ နံနက် (၀၅:၀၀) နာရီ အချိန်မှစတင်၍ ဖွင့်လှစ်ရောင်းချ ဝယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်းဆောင်ရွက်

မြို့ခံပရဟိအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင် ပတ်ဝန်းကျင်တစ်ဝိုက် သန့်ရှင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး(၁၀)ဦးအား အခြေခံစားသုံးကုန်များနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး (၁၀)ဦးအား ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မဝင့်ဝါလွင်နှင့် အလှူရှင် (၈)ဦးတို့မှ စုပေါင်းလှူဒါန်းသည့် အခြေခံ စားသုံးကုန်များနှင့် အလှူငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် အလှူရှင်များ ကိုယ်စား မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးနှင့် စာရေးဆရာများက လှူဒါန်းသည်။

လဲချားတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၃)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃)သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၃၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန် (GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ​မြို့မစျေးအတွင်း လိုက်လံ အသိပညာပေး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ​မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ မြို့မစျေးနှင့် ယာယီပျံကျ စျေးတို့တွင် ယနေ့နံနက် ၈ နာရီက လိုက်လံအသိပညာ​ပေး စစ်ဆေး ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် မူလတန်းကျောင်းကျောင်းဆောင်သစ်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် တည်ဆောက်ပေးမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် (ပလောင်ငြိမ်းချမ်းရေး ကုန်း) မူလတန်းကျောင်း ကျောင်းဆောင်သစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးမည်ဖြစ်ရာ အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့် နေရာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်ကြီးကြပ်ရေးမှူး ဦးကျော်သက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက မြေသန့်/ပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to