ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် မိခင်များနှင့် ကလေးငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ လေလုံ အားကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ ပဲစင်းငုံ ၁၁၅၄၄ ဧကစိုက်ပျိုးပြီး လျာထားချက် ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် မိုးရာသီ၌ ပဲစင်းငုံ ၁၁၅၄၄ ဧက စိုက်ပျိုးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်   ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာ ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဩဂုတ် ၁၃ ရက်က  ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးလှိုင်မင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။    

မြစ်သားမြို့နယ်တွင် မိုးစပါးလက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာ သုံစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရန်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော မိုးစပါးလက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder) ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၃ ရက်က လမ်းခွကျေးရွာ ကွင်းအမှတ် (၄၇၀)၊ ဦးပိုင်အမှတ် (၃၅/၁) ရှိ ဒေသခံတောင်သူ ဦးဟိန်းထက်၏ လယ်မြေနှစ်ဧကတွင် ဆောင်ရွက်သည်။

သံတောင်ကြီးမြို့၌ နယ်လှည့်စာကြည့်တိုက်အစီအစဉ်ဖြင့် ကြာသပတေးနေ့တိုင်း စာအုပ်များငှားရမ်းပေးမည်

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ  အသုံးပြုတတ်စေရန်အတွက် အပတ်စဉ်ကြာသပတေးနေ့တွင် နယ်လှည့်စာကြည့်တိုက်ဖြင့် သုတစာအုပ်၊ ဝတ္တု၊  ဂျာနယ် ၊ မဂ္ဂဇင်း ၊ ပုံပြင် ၊ ရုပ်ပြ စသည့် စာအုပ်များစုံလင်စွာ ငှားရမ်းပေးမည်ဖြစ်ကြောင်းသိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌လူငယ်ရေးရာအသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူမျာ အသိပညာဗဟုသုတရရှိစေရန်  လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြပွဲကို ဩဂုတ် ၁၃ရက် နံနက်က ဆောင်ရွက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၃ ရက်က အခြေခံပညာအထက်တန်း ကျောင်း(ညောင်ကိုင်)တွင် ကျင်းပရာ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးသည်။

မအူပင်မြို့နယ် သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးအား ယမန်နေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to