စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်းတွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက် ဖွင့်လှစ်

စေတုတ္တရာ ဇန်နဝါရီ ၁၂

                                                                                                          

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင်  “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက်ကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးလောင်ထန်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

အခမ်းအနားကို ပုပိုင်းအခြေခံပညာ မူလွန်ကျောင်းဆောင်၌ ဆက်လက်ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလောင်ထန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင်က စာဖတ်ခြင်းမှရရှိလာသော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ရှိစာအုပ်များ စနစ်တကျထိန်းသိမ်းစောင့်ရှောက်နည်းများ၊ စာအုပ်များတိုးပွားရေးနှင့် စာကြည့်တိုက်ရေရှည်တည်တံ့အောင်မြင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က ကျေးဇူးတင်စကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ် (၅၂) အုပ်၊  ကျေးရွာနေ အလှူရှင်များ စုပေါင်း၍ သုတ၊ ရသ စာအုပ် (၄၀၀) ကျော်အား လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့်  ဖျော်ဖြေတင်ဆက်ရာ တက်ရောက်လာသူများမှ ဆုများအသီးသီးချီး မြှင့်ပေးခဲ့ကြောင်း သိရသည်။                                 

                                                                                               

ခင်သန်းလှိုင်(ပြန်/ဆက်)