ဖျာပုံမြို့နယ်တွင်(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကျင်းပ

ဖျာပုံ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်၍ စာရေးဆရာ အော်ပီကြယ်၊ စာရေးဆရာ အကြည်တော် တို့ဖြင့် ဖျာပုံမြို့(၁၇)နှစ်ကြိမ်မြောက် အမေနေ့ အခမ်းအနားကို ယမန်နေ့ ည(၆)နာရီအချိန်က ဖျာပုံမြို့နယ် စည်ပင်သာယာရေးရုံးရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့မှ ကိုလူချောများအဖွဲ့က မြန်မာ့တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျာပုံမြို့နယ် အမေနေ့ ကျင်းပရေး ကော်မတီအတွင်းရေးမှူးက အမေနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေး  ဇန်နဝါရီလ  ၁၀

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီအစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင် အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်ကြူကြူမာ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ ကိစ္စရပ်များ အကြောင်း ရှင်းလင်းပြောကြားသည်။

ကော့မှူးမြို့နယ် စမ်းကောက်ကျေးရွာ အ.ထ.က(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက် မော်တော် ယာဉ်ဖြင့် စာအုပ်များ အခမဲ့ ငှားရမ်း

ကော့မှူး ဇန်နဝါရီ  ၁၀

ကျောင်းသားလူငယ်များ  အသိပညာ၊ ဗဟုသုတ  တိုးပွားရေးနှင့် ကျေးလက်နေ ပြည်သူများ စာအုပ်စာစောင်  အလွယ်တကူ  ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်   ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း  ရွေ့လျားစာကြည့်တိုက်တို့  ပူးပေါင်း၍   ရန်ကုန် တောင်ပိုင်းခရိုင် ၊ကော့မှူးမြို့နယ်၊  စမ်းကောက်ကျေးရွာ    အ.ထ.က(ခွဲ)သို့ ယမန်နေ့ နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်  မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးနိုင် ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်

ကျိုင်းတုံ           ဇန်နဝါရီ   ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြန်လည် ထူထောင်ရေးစခန်း၌ စခန်း အခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ က အမှာစကား ပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က  သင်တန်း ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။  

လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ခွဲ) မဲဆမိတ်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ပညာသင်နှစ် ပညာရေး စုံညီ ပွဲတော်ကျင်းပ

နမ္မတူ ဇန်နဝါရီ ၁၀

၂၀၁၉-၂၀၂၀ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ် (၃/၂၀၁၉)၊(၄/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင်   ဇန်နဝါရီ ၁၀

မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့  e-Government  အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အခြေခံ ကွန်ပျူတာ သင်တန်း အမှတ်စဉ် (၃/၂၀၁၉)နှင့်(၄/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ ၌ကျင်းပသည်။

နမ့်ခမ်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲနှင့် စာမေးပွဲ ပိတ်သိမ်းပွဲအခမ်းအနား ကျင်းပ

နမ့်ခမ်း   ဇန်နဝါရီ  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ မြို့လယ်ဘုရားကြီးကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် နမ့်ခမ်းမြို့နယ်လုံးဆိုင်ရာ (၂၁) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲနှင့်  ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့် သာမဏေနှင့် ကျောင်းသားများအား ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် စာပြန်ပွဲပိတ်သိမ်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ပန်ဆိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဟောပြော

ပန်ဆိုင်း ဇန်နဝါရီ  ၁၀

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့၊ အခြေခံပညာ(အ.လ.က)ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ပန်းဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာ(အ.လ.က)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ကြားဖြတ် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ၂၀၁၉ ခုနစ် ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Subscribe to