ကံသာကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရေဦး ဇန်နဝါရီ ၁၀
၂၈ ရွာမြောက်အဖြစ် ရေဦးမြို့နယ်၊ ကံသာကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးနှင့် မြို့နယ်တာ၀န်ရှိသူများ ယမန်နေ့ ညနေ ၅ နာရီက တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရသည်။