မြေအောက်ရေအသုံးပြုစိုက်ပျိုးထားသည့် ဆေးရွက်ကြီးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ဈေးကောင်းရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ၊ သူကောင်းတည်ကျေးရွာ၊ ကတောကျေးရွာ၊ အထက်ညဉ့်ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြပြီး သီးနှံအမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ ဗမာဆေးရွက်ကြီးများ အောင်မြင်ဖြစ်ထွန်းလျက် ဈေးကောင်းရရှိနေကြောင်းသိ ရသည်။

ပန်းတနော်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၃)ခုဖြင့် ကျင်းပသွားမည်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူ (၃၈၆၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၁၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲ ကျင်းပရာ ဗန်းမော်ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးထွေးမြင့် (ခရိုင် အုပ်ချုပ် ရေးမှူး)က အဖွင့်အမှာစကားပြောကြားသည်။

ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(၅)ထောင် လှူဒါန်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် မူဆယ်မြို့၊ (OHC)စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်က နှာခေါင်းစည်းစုစုပေါင်း(၅)ထောင်ကို ပေးအပ်လှူဒါန်းပြီး မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေး မှူးဦးလှိုင်စိုးသန့်က လက်ခံသည်။

ဈေးကွက်အတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်မပြည့် စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးကု ဌာနတို့မှ ဦးဆောင်၍ ဈေးအတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်မပြည့် စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ တောင်သူများ ကြံသီးနှံများ စမ်းသပ်စိုက်ပျိုးလာ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်အချို့က ကြံသီးနှံကို စမ်းသပ်စိုက်ပျိုးလာကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများ ထံမှသိရသည်။

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ ရေရှားပါးပြတ်လပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ပါက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖော်ပြပါဖုန်းနံပါတ်များသို့ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြစ်သား ပြည်လုံးအံ့ကျေးရွာတွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒိုင်းကျေးရွာအုပ်စု၊ ပြည်လုံးအံ့ကျေးရွာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးလျှပ်စစ်ဓါတ်အားပေးဝေရေး ကော်ပိုရေးရှင်း အကူအညီ(NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းပြီဖြစ်ပါ၍ မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်လုံးအံ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များတွင် မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် သူများအား စာစစ်ဌာန အသီးသီးတွင် ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၆)ခုတွင် ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင် ကျင်းပမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၇၇)ဦး ဝင်ရောက် ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး စာမေးပွဲကို မြို့ပေါ်စာစစ်ဌာန(၅)ခု၊ ကျေးရွာ စာစစ်ဌာန(၁၁)ခုဖြင့် စာစစ်ဌာန(၁၆)ခုတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
Subscribe to