ကော့မှူးမြို့နယ် တကူပုံကျေးရွာ၌ အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ‌ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်‌မွေးဝမ်း‌‌ကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တကူပုံကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ သည်။

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရွေဂွန်းကျေးရွာ၌ ပြုလုပ်သည်။

မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းရေကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ကျေးရွာသူ/သားများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ဆောင်ရွက်ခဲ့ သည်။

ပုလောမြို့၌ ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စဉ့်ကူး၊ ဖေဖော်ဝါရီ ၂၇ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကိ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဂန့်ဂေါခရိုင် ကျောမြို့၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ကွန်ပျူတာသင်တန်း ဖွင့်လှစ်

လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် ဂန့်ဂေါခရိုင်၊ ကျောမြို့အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက်က ကွန်ပျူတာပညာသင်တန်း ဖွင့်ပွဲပြုလုပ်ရာ ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦးက အမှာစကားပြောကြားသည်။

တွံတေး၌ ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်မှုဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှုသင်တန်းအား ယနေ့နံနက်(၁၀)နာရီတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရ သည်။

ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် အေးသုတ စာကြည့်တိုက်ဖွင့်

ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီ က အေးသုတစာကြည့်တိုက်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ စာကြည့်တိုက် အဆောက်အဦး အလှူရှင် အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း) ဒေါ်အေးဟန်၊ မြို့မိမြို့ဖ ဦးနိုင်ဦးတို့ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပျံ့ပွားလာခြင်းမရှိစေရန်နှင့် ပြည်သူလူထုများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန် တွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ဒေါက်တာဒီးအောင်နှင့် ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်းပြီး ရွေ့လျားအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည်။

Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ လူစည်ကားရာနေများတွင် လိုက်လံဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Coronavirus 2019 (COVID-19) ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to