မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။