ဝမ်းတွင်းမြို့နယ် ပရဟိတကွန်ရက်အဖွဲ့မှ နွားစာရှားပါးလျက်ရှိသောဒေသများရှိ တောင်သူများအား နွားစာအိတ်များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးမှ နွားစာရှားပါးသောဒေသများရှိ တောင်သူများအတွက် အထောက်အကူဖြစ်စေရန် နွားစာများလှူဒါန်းခြင်းကို ယမန်နေ့က မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ညောင်စောက်ကျေးရွာတွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။