ဘားအံမြို့နယ် မြပြည်တံတား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယာယီလမ်းလွှဲ ရေကျော်သဖြင့် တံတားသစ်မှ အမြန်ဆုံးသွားနိုင်ရေး ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် နောင်လုံအရှေ့ကျေးရွာအုပ်စု မြပြည်ကျေးရွာအနီးရှိ မြပြည်တံတားအား တံတားအသစ်တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းလွှဲနေရာ ရေကျော်ခဲ့ပြီး ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရတော့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်စေရေး ယမန်နေ့နံနက်ပိုင်းအချိန်တွင် တံတားအသစ်မှ သွားလာနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။