ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး လုပ်ငန်းပြီးစီးမှု အခြေအနေကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဘိုးဘွားရိပ်သာကို စေတနာရှင် ပြည်သူများ၏ အလှူငွေများ ဖြင့် တည်ဆောက်လျက်ရှိရာ အဆိုပါ ဘိုးဘွား ရိပ်သာအား စံချိန်စံညွှန်း အရည်အသွေး ပြည့်မီကာသတ်မှတ်ကာလအတွင်း ဆောက်လုပ်ရေးအပိုင်း ပြီးမြောက်အောင်မြင်စေရေးတို့အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့် ဘိုးဘွားရိပ်သာဆောက်လုပ်ရေး ကော်မတီဝင်တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။