နမ္မတူတွင် အသက် (၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး ဆောင်ရွက်မည်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဩဂုတ်လ (၅)ရက်နေ့မှစတင်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။