ပုဗ္ဗသီရိမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏ ဒီပရပ်ကွက်၊ လောကပါလဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။