နောင်ချို သြဂုတ် ၆
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းကို နောင်ချိုမြို့၊ မြနန်းတော်ဝင် ခန်းမ၌ သြဂုတ်လ(၂) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး သြဂုတ်လ(၆)ရက် နေ့တွင် လည်းပဥ္စမမြောက် နေ့အဖြစ် လူသုံးကုန်ပစ္စည်းများကို လက်တေွ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းတွင် အဝတ်လျော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာ ရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဘက်စုံသုံးဆပ်ပြာရည် ထုတ်လုပ်မှုအဆင့်ဆင့်ကို ပို့ချ သင်ကြားပေးခဲ့ပြီး သင်တန်းသူများ လက်တွေ့ထုတ်လုပ် ထားသော ပစ္စည်းများကို စျေးကွက်အရောက်ရောင်းချကာ ရောင်းရငွေများကို နိုင်ငံတော်ရငွေစာရင်းသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ သင်တန်းသူ(၃၅)ဦးတက်ရောက်ပြီး သင်တန်းဆင်းပွဲကို သြဂုတ်လ(၇)ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကာ သင်တန်း၌ ထူးချွန်သူများအား ပထမ၊ဒုတိယ၊တတိယ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)