မိုးရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ညောင်ရွှေ မြို့နယ်အတွင်းသို့စီးဝင်သည့် တာယောချောင်းနှင့် ဟိုနမ့်ချောင်းတို့ မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တိလော ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦး၊ ရွာသာကျေးရွာ အုပ်စုအတွင်းရှိ တောင်သူ(၁၀၁)ဦး၊ တောင်ပို့ကြီးကျေးရွာအုပ်စုရှိ တောင်သူ(၃၇)ဦး စုစုပေါင်း တောင်သူ(၁၅၉)ဦး၏ စုစုပေါင်း နွေစပါးနှင့် မိုးစပါး စိုက်ဧက (၄၁၅.၂၆)ဧက ရေနစ်မြှုပ်လျှက်ရှိ ကြောင်း သိရှိရသည်။