(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်း ဆောင်ရွက်
ကရသူရိ ဇန်နဝါရီ ၃
ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ လွတ်လပ်ရေးနေ့သမိုင်းအကြောင်းနှင့် လွတ်လပ်ရေးကို ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ခက်ခဲ့ပင်ပန်းစွာကြိုးပမ်းခဲ့ပုံများကို သိရှိကြရန် အတွက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်းကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစုဝေးရာ နေရာများသို့သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။