အောင်လံ ဇန်နဝါရီ ၃
သရက်ခရိုင် အောင်လံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် စီစဉ်ဆောင်ရွက်သော ကလေးပြိုင်ပွဲနှင့် သားကောင်မိခင်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် သုံးလမှ ခြောက်လ၊ ခြောက်လမှ ကိုးလ၊ ကိုးလမှ တစ်နှစ်နှင့် တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကလေးများကို အဆင့်လိုက်ခွဲ၍ ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲဝင်ကလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တစ်ဆင့်ခြင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုနှစ်ဆုတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သားကောင်း မိခင်တစ်ဦးကိုလည်း ရွေးချယ်၍ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)