နမ္မတူမြို့နယ် အမှတ်(၈) အခြေခံပညာ မူလတန်းလွန်ကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ
နမ္မတူ ဇန်နဝါရီ ၁၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ်(၈) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် နမ္မတူမြို့နယ် ဒုတိယပညာရေးမှူး ဦးလင်းအောင်က အမှာစကားပြောကြားပြီး၊ နမ္မတူမြို့နယ် အမှတ်(၈) အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလတ်က ပညာရေးဆိုင်ရာ အချက်အလက်များ၊ စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။