ဝေါလေမြိုင်မြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
ဝေါလေမြိုင် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ ညနေ ၆ နာရီက အ.မ.က(ဝေါလေမြိုင်)၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ပညာရေးစုံညီပွဲတော်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အဖွင့်အမှာစကား ပြောကြားပြီး အ.မ.က(ဝေါလေမြိုင်)ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။