ယင်းမာပင်မြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းအတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ယင်းမာပင် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စာရေးဆရာအသင်းဖွဲ့စည်း အတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။