သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်   ဖေဖော်ဝါရီ    ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားသင်တန်းအား ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ဖွင့်လှစ်ခဲ့သော ဗီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့နည်းသင်တန်းတွင် တက်ရောက်ခဲ့သော ဦးနိုင်လင်း လှည်းကူး (ပြန်/ဆက်) က သတင်းဗီဒီယို ရိုက်ကူးပေးပို့နည်း ဆင့်ပွား  သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သတင်းများရိုက်ကူးရာတွင် အရည်အသွေး ကောင်းမွန် လာစေရန်၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းများအားလုံး သတင်းများ ပေးပို့ခြင်းအပြင် ဗီဒီယိုသတင်း ရိုက်ကူးပေးပို့နိုင်ရန် ဆင့်ပွားပို့ချရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကင်မရာ၊ လက်ကိုင်ဖုန်းတို့ဖြင့် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ရာတွင် ဓါတ်ပုံနှင့် ရုပ်သံကွာခြားမှု၊ ယခင်က ဓါတ်ပုံသတင်းနှင့် ယခုဗီဒီယိုသတင်း ရိုက်ကူးရာတွင် ပေးပို့ပုံပေးပို့နည်းများ၊ ဖိုင်သိမ်းဆည်းမှုနှင့် သတင်းပေးပို့မှုတို့ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ရာ ရန်ကုန် အနောက်ပိုင်း ခရိုင်အတွင်းမှ မြို့နယ် ဦးစီးများနှင့် သတင်းရေးသားရာတွင် စိတ်ပါဝင်စားသူ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

နိုင်လင်း(လှည်းကူး)