လှိုင်းဘွဲ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံကျေးရွာအုပ်စု ထောရွဲကျေးရွာ၌ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့က ကျေးလက်နေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စေတုတ္တရာ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သော ကျောင်းသားကျောင်းသူများအား ပဉ္စမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Copyright 2020