မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သုဓမ္မာ (၆) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂)ရပ်ကွက်၊ သုဓမ္မာ (၆) လမ်းတွင် ကျင်းပခဲ့သည်။