ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာရှိ ရတနာအောင်ဆု ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျေးရွာရှိကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတ တိုးပွားလာစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ရတနာအောင်ဆု ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။