ခန္တီး၌ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့နယ်၌ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ဆရာဝန် များအသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီက မုဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်သည်။

ရွှေဘိုမြို့တွင် မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။

လက်ပံတန်းမြို့နယ်တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၂၀၁၉) နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်အဆင့် လူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၂၀၁၉) နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၂၂၆ ) ဦး ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်မဲမြို့နယ်တွင် စာစစ်ဌာန (၉) ခု၌ ကျောင်းသား ကျောင်းသူ (၃၂၂၆) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းအား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားပေးသည်။

မိုင်းဖြတ်၌ မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တောမီးများ၊ တောင်ယာမီးများရှို့ခြင်းကြောင့် ဒေသတွင်းမီးခိုးမြူငွေကင်စင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆွပ်ပန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် မွန်းလွှဲ ၁ နာရီက ဆိုက်ခေါင်ကျေးရွာ စာသင်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့၌ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။

ကျောက်ဆည်မြို့ ကုလကျေးရွာတွင် ပြည်သူ့စကားဝိုင်း ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကျားကာကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်းပြီး ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၉) နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to