ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဂျပန်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူပေါင်းဖွင့်လှစ်လျက်ရှိသည့် ဘာသာစကားသင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများအား ဘာသာစကားများသင်ကြားရာတွင် စာတွေ့သင်ကြားရုံသာမက လက်တွေ့ပြောဆိုနိုင်သည့် စွမ်းရည်များ မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။