ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေး
နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငကောင်းကံကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ် အတိုးအရင်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။