ရန်ကုန် ဇန်နဝါရီ ၇
ပြည်သူများ သတင်းမှန်ကို သိရှိစေရန်၊ သတင်းများအား အချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် ရည်ရွယ်၍ ဗီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ၊ ညွန်ကြားရေးမှူး ဦးရဲလင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ဦးအောင်တင်ထွန်းက မိတ်ဆက် စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၂၅)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းဆိုင်ရာများကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)