ရွှေတောင် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့ နံနက်ပိုင်းက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
တနင်္သာရီမြို့ ဇန်နဝါရီ ၄
(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတင် အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၄နာရီ ၂၀ မိနစ် အချိန်က တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့-မြို့မရဲစခန်းဝန်းအ တွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင်ကျင်းပရာ
နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၀ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၌ ယနေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် အလေးပြုကြသည်။
ပူတာအို ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာ အသီးသီးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကောလင်း ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မင်းချမ်းအခြေခံပညာအထက်တန်းကျောင်းရှေ့အားကစားကွင်း၌ ယနေ့ နံနက် ၁၀နာရီက ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ပြီး ဇန်နဝါရီလ ၄ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထီးလင်း ဇန်နဝါရီ ၃
ရပ်/ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး တို့နှင့်ပတ်သက်၍ ပြည်သူများ စိတ်အေးချမ်း သာယာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်ရေး တို့အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ည ၇ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ရာဇမုနိ စေတီတော် တန်ဆောင်းနေရာ၌ ပြုလုပ်ဆောင်ရွက်သည်။
ဖားကန့် ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့်ကာမိုင်းမြို့သွား ကားလမ်းပေါ်ရှိ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ နမ့်တိန်းကျေးရွာနှင့် ပျားအုံကျေးရွာကြား တံတားညီနောင်အတက် မြေသားလမ်း၌ ယနေ့နံနက် (၉)နာရီခန့်က (၁၀)ဘီးကားတစ်စီးလမ်းချော်ပြီး ရေမြောင်းထဲကျသွားသဖြင့် ဖားကန့်မြို့နှင့် အတက်အဆင်းပြေးဆွဲနေသောကားများ လမ်းပိတ်ဆို့မှု ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်နှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပထမဦးစွာ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ ကျိုင်းတုံမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
နမ္မတူ ဇန်နဝါရီ ၃
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။
Copyright 2020