ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီတွင် မြတ်စောညီနောင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။