ကျောက်ပန်းတောင်းမြို့နယ်တွင် အချိန်ခါမဟုတ်မိုးရွာခြင်းကြောင့် ပြောင်းနှံများမပျက်စီးစေရန် ဆောင်ရွက်
ကျောက်ပန်းတောင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိပြောင်းစိုက်တောင်သူများ ဒီဇင်ဘာ ၂၇ ရက်နှင့်ဒီဇင်ဘာ ၂၈ ရက်၊ ဇန်နဝါရီ ၁/၂ ရက်တို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ရိတ်ပြီးသားပြောင်းခင်းများမှ ပြောင်းနှံများ မိုးမိပြီးမပျက်စီးစေရန် လူအင်အားသုံး သိမ်းဆည်း နေရကြောင်း ပြောင်းစိုက်တောင်သူများထံကသိရသည်။