လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ် အမှတ်(၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်စခန်းနှင့် (၁)ဖာလုံခန့်ကွာဝေးသော သုံးမိုင်မြို့သစ်၊ အမှတ် (၃) ရပ်ကွက်၊ အေးသာယာလမ်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် လူနေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၁၆၆၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံမျိုးစုံ ၁၇၈၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့၌ (၆၅) ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅)  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၂၀) ခု၊ ငွေတံဆိပ်ဆု (၁၉) ခု၊ ကြေးတံဆိပ်ဆု (၂၀) ခုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမားမြို့တို့၌ အားကစားနည်း (၁၉) နည်းအား ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆု (၁၁) ခု၊ ငွေတံဆိပ်ဆု (၁၅) ခု၊ ကြေးတံဆိပ်ဆု (၁၁) ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု (၈) ခု၊ ငွေတံဆိပ်ဆု (၃) ခု၊ ကြေးတံဆိပ်ဆု (၃) ခု၊ ဘော်လီဘောအားကစားနည်းမှ ရွှေတံဆိပ်ဆု (၁) ခု၊ ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆု (၁) ခု၊ စစ်တုရင် (မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်ဆု (၃) ခု၊ စားပွဲတင်တင်းနစ်အားကစားနည်းမှ ကြေးတံဆိပ် ဆု (၁) ခု၊ အလေးမအားကစားနည်းမှ ကြေးတံဆိပ်ဆု (၁) ခု၊ ဂိုးလ်ဘောအားကစားနည်းမှ ကြေးတံဆိပ်ဆု (၁) ခု၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ဆု (၂၀) ခု၊ ငွေတံဆိပ်ဆု (၁၉) ခု၊ ကြေးတံဆိပ်ဆု (၂၀) ခု၊ စုစုပေါင်းဆုတံဆိပ် (၅၉) ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၆) တွင် ရပ်တည်နိုင်ခဲ့သည်။ 

မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့်စိုက်ပျိုးသည့် ခရမ်းသီးစိုက်ခင်းများအထွက်နှုန်းကောင်း

မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့် ခရမ်းစိုက်ပျိုးသည့်တောင်သူများ ခရမ်းသီးအထွက်နှုန်းကောင်း၍ အဆင်ပြေကြောင်း ခရမ်းစိုက်တောင်သူ ဦးခင်မောင်ရှိန်ထံမှ သိရသည်။

နည်းပညာတက္ကသိုလ် (သန်လျင်) ၌ နှစ် (၄၀) ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနားကျင်းပ

နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ နည်းပညာတက္ကသိုလ် (သန်လျင်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီ၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြော

ကယားပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်အဆောက်အဦများနှင့် ထုတ်ကုန်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် အလေးထားဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်က  လွိုင်ကော်မြို့ ပညာရေးဒီဂရီကောလိပ်၊ ကျောင်းခန်းမ၌ မီးဘေးလုံခြုံရေးနှင့် တောမီးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to