ညောင်ဦး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ မတ် ၂၄ ရက် နံနက် ၉ နာရီက လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအစီရင်ခံစာပြုစုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်ခိုင်၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းလတ်၊ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းဦးလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအစီရင်ခံစာပြုစုထားသည့် အစီရင်ခံစာများအား Power Point ရှင်းလင်းတင်ပြကြရာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း