မိုင်းခတ်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်္ကြန်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား သင်္ကြန်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။