ဥတ္တရသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာ စောနိုင်(အသုံးချဘောဂဗေဒ)၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)နှင့် စာရေးဆရာမ ချယ်ချယ်(YU)တို့က စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)