ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ရှေးဟောင်းဓာတ်ပုံများနှင့် အဝတ်အထည်များလှူဒါန်း
ညောင်ရွှေ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ညောင်ရွှေမြို့ သာစည် ရပ်ကွက်နေ (ဒေါ်လှခင်)၊ ဒေါ်လှဌေး၊ ဒေါ်သန်းဌေး ညီအစ်မများက ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင် လက်ထက် ဓာတ်ပုံများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက အလှူရှင်၏နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။