ကျောက်တံတားမြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်

ကျောက်တံတား    ဇန်နဝါရီ    ၃

ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီက ကျောက်တံတားမြို့နယ် စာပေချစ်သူများအဖွဲ့ (Book Club) မှ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်

 

မိုင်းယောင်း    ဇန်နဝါရီ     ၃

မြန်မာပြည်အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

ကန့်ဘလူ   ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနတို့တွင် အခြေခံမြေတိုင်းသင်တန်း မတက်ရောက်ရသေးသော မြေတိုင်း-၅ များနှင့် လက်ရှိခန့်ထားသည့် စာရင်းကိုင်-၄၊ အငယ်တန်းလက်ထောက် (ကွန်ပျူတာ) စာရေးများအား မြေစာရင်းဘာသာရပ်၊ မြေတိုင်းတာခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ကြိုတင်လေ့လာသိရှိနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ကန့်ဘလူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်

 

မြင်းခြံ    ဇန်နဝါရီ     ၃

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံဒီဂရီကောလိပ်ဘာသာ ရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းဘောလုံးကွင်းအတွင်း ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ကျောက်ကြီး     ဇန်နဝါရီ    ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု သဲကုန်းကျေးရွာ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကလေးငယ်များအား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ

မံစီ    ဇန်နဝါရီ     ၃

ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့ မွန်းလွဲ  ၂ နာရီက ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် UNICEF (မြန်မာ) မှ လှူဒါန်းသော တိုင်းရင်းသား ပုံပြင်များအခမဲ့လာရောက်လေ့လာဖတ်ရှုနိုင်

 

ကျောက်တန်း    ဇန်နဝါရီ     ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  UNICEF (မြန်မာ) မှ ကလေးစာပေတိုင်းရင်းသား ပုံပြင်စာအုပ်များကို လှူဒါန်းထားကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်   ဇန်နဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့  နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ကျော်ဝင်းရေးသားသည့် နှစ်ဆယ့်တစ်ရာစုသားရွှေဉစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တပ်ကုန်း   ဇန်နဝါရီ   ၃

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပမည့်  စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၏ ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပသည်။

အောင်လံမြို့တွင် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကျင်းပ

အောင်လံ     ဇန်နဝါရီ     ၃      

သရက်ခရိုင်၊ အောင်လံမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့   ပူးပေါင်းကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲ (၂) နာရီက  အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

Subscribe to