မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
မကွေး ဒီဇင်ဘာ ၆
၂ဝ၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မကွေးခရိုင် အားကစားကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပေါက်မြို့နယ်အသင်းနှင့် ဆိပ်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပေါက်မြို့နယ်အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။