မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

မကွေး ဇန်နဝါရီ ၇

မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ဆွမ်ပရာဘွမ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး မွမ်းမံ သင်တန်းဖွင့်

ဆွမ်ပရာဘွမ်    ဇန်နဝါရီ  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ် ဖွဲ့၀င်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက်(၉)နာရီက မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

ပန်းတနော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ဇန်နဝါရီလ ပထမပတ် ရုံးပိတ်ရက်အတွင်း အင်းလေးကန်၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကား

ညောင်ရွှေ ဇန်နဝါရီ ၆

ဇန်နဝါရီလ ပထမပတ်ရုံးပိတ်ရက်အတွင်း ညောင်ရွှေမြို့နှင့် အင်းလေးဒေသတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။

ရုံးပိတ်ရက်သုံးရက်အတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပြည်တွင်းခရီးသွား ဘုရားဖူးများဖြင့်စည်ကား

ပုဂံ-ညောင်ဦး   ဇန်နဝါရီ    ၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်သုံးရက်အတွင်း ပြည်တွင်းဘုရားဖူးခရီး သွားများရုံးသုံးရက်ပိတ်သည့်အတောအတွင်း အမြောက်အများလာရောက်လည်ပတ်ကြကြောင်းနှင့် သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်း ခရီးသွားဘုရား ဖူးခရီးသွားများလာရောက်မှုများပြားလျက်ရှိကြောင်း သိရသည်။

ကလေးစာပေပွဲတော်(ဝေါ) ပိတ်ပွဲအခမ်းအနားနှင့် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်

ဝေါ ‌ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဝေါ)၊ စာအုပ်စာ‌ပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီက ဝေါမြို့ ၊ မြို့နယ်ခန်းမ‌​၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေး ကအဖွင့်အမှာစကား ပြောကြားသည်။

ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

ကော့ကရိတ် ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်၉နာရီအချိန်က ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူလေထီးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် နေအိမ်မှ ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် သုံးဦးအား မိဘများထံ ပြန်လည်အပ်နှံ

မန္တလေး ဇန်နဝါရီ ၆

ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသည့် အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ယနေ့ နံနက် ၉နာရီက မိဘအုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌၂၀၁၉-၂၀၂၀ပညာသင်နှစ်အခြေခံပညာအထက်တန်းကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်၂၀၁၉-၂၀၂၀ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရေချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီချိန်တွင် ကျင်းပခဲ့သည်။

Subscribe to