သာယာဝတီခရိုင် နတ်တလင်းမြို့တွင် စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူဆောင်ရွက်

နတ်တလင်း  ဇန်နဝါရီ  ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့တွင် စည်းကမ်းမဲ့ မောင်းနှင်မှုများအား ဖမ်းဆီးအရေးယူခြင်းကို ယနေ့ နံနက်၉နာရီတွင် ရန်ကုန်-ပြည် လမ်း၊ သံဖြူရုံဂိတ် မီးပွိုင့်တွင် ဆောင်ရွက်ခဲ့ကြသည်။

စည်းကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှုများ ဖမ်းဆီးခြင်းကို သယာဝတီခရိုင် ယာဉ်ထိမ်းတပ်ဖွဲ့ နတ်တလင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်း၍ ဆိုင်ကယ်ဦးထုတ်မဆောင်းဘဲ မောင်းနှင်သူများ၊ နောက်ကြည့်မှန်မပါဘဲမောင်းနှင်သူ
များ၊ သုံးယောက်စီးနင်းမောင်နှင်သူများကို ဖမ်းဆီး၍ ဒဏ်ငွေပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာလာစေရေး၊ ယာဉ်တိုက်မှုကြောင့်ဖြစ်ပေါ်လာမည့် အသက်ဆုံးရှုံးမှုများ မ ဖြစ်စေရေးအတွက် ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့် (ပြန်/ဆက်)