အ.ထ.က ကြာအင်းဆိပ်ကြီး၌ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပမည်

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူဟောင်းများက တာဝန်ယူဦးဆောင်ကြီးကြပ်မှုဖြင့် အဆိုပါကျောင်း၌ ပညာသင်ကြား ပေးခဲ့သော ဆရာကြီး ‌ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးတရားများကို သိတတ်ရိုသေသောအားဖြင့် ဂါရဝပြုပူဇော်ကန်တော့လိုခြင်း၊ ရပ်ဝေးရပ်နီးမှ ကျောင်းသားကျောင်းသူများ အချင်းချင်း ပြန်လည်တွေ့ဆုံပြီး ကျောင်းတော်ကြီးအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်စေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ပွင့်ဖြူ      ဇန်နဝါရီ      ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယမန်နနေ့မှ စတင်ကာ မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရမည့် ကောက်ကွက် (၁၅) ကွက်ကို ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။

ညောင်ဦးမြို့၌ ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ညောင်ဦး   ဇန်နဝါရီ   ၃

 ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး မြို့တွင် ယနေ့ နံနက် ၇ နာရီမှ စတင်ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားတောင်ဘက်ကွင်းပြင်တွင် ကျင်းပရာ ပြည်တွင်း/ပြည်ပ အားကစားဝါသနာရှင် စုစုပေါင်း ၆၁ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ပန်းဘဲတန်းမြို့နယ်တွင် ကလေးပျော်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပန်းဘဲတန်း    ဇန်နဝါရီ   ၃

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကလေးပျော်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက  ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

နမ့်စန်တွင် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်

နမ့်စန်(တ)  ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းမာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အလွတ်တန်းမာရသွန်အပြေးပြိုင်ပွဲကို ဝမ်ပုံကျေးရွာအုပ်စု မက်မုံကျေးရွာနမ့်စန်မြို့အဝင်ဘက်မှ နံနက် ၅ နာရီခွဲတွင် စတင်တာလွှတ်၍ အမှတ်(၂)ရပ်ကွက်ရှိ နမ့်စန် အ.ထ.က ဘောလုံးကွင်းထိ (စုစုပေါင်း ၈မိုင်) ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်း ဆောင်ရွက်

 

ကရသူရိ ဇန်နဝါရီ  ၃

ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ လွတ်လပ်ရေးနေ့သမိုင်းအကြောင်းနှင့် လွတ်လပ်ရေးကို ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ခက်ခဲ့ပင်ပန်းစွာကြိုးပမ်းခဲ့ပုံများကို သိရှိကြရန် အတွက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်းကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့်   လူစုဝေးရာ နေရာများသို့သွားရောက်ပြီး    ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်

ကျောက်တံတား    ဇန်နဝါရီ    ၃

ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီက ကျောက်တံတားမြို့နယ် စာပေချစ်သူများအဖွဲ့ (Book Club) မှ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်

 

မိုင်းယောင်း    ဇန်နဝါရီ     ၃

မြန်မာပြည်အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

ကန့်ဘလူ   ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနတို့တွင် အခြေခံမြေတိုင်းသင်တန်း မတက်ရောက်ရသေးသော မြေတိုင်း-၅ များနှင့် လက်ရှိခန့်ထားသည့် စာရင်းကိုင်-၄၊ အငယ်တန်းလက်ထောက် (ကွန်ပျူတာ) စာရေးများအား မြေစာရင်းဘာသာရပ်၊ မြေတိုင်းတာခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ကြိုတင်လေ့လာသိရှိနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ကန့်ဘလူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်

 

မြင်းခြံ    ဇန်နဝါရီ     ၃

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံဒီဂရီကောလိပ်ဘာသာ ရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းဘောလုံးကွင်းအတွင်း ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Subscribe to