အင်္ဂပူမြို့နယ်၊ အ-ထ-က(ကွင်းကောက်)၌ ကျင်းပြုလုပ်လျက်ရှိသော ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ပွဲတော် လာ ပရိသတ်များဖြင့် အထူးစည်ကား

အင်္ဂပူ  ဇန်နဝါရီ  ၄

အင်္ဂပူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကွင်းကောက်) တွင် ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ဒုတိယ) နေ့ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပ လျက်ရှိရာ စာအုပ်စာပေဝယ်ယူသူများ၊ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


စာအုပ်ဈေးရောင်းပွဲတော်တွင် စာဖတ်သူ၊ စာအုပ်ဝယ်ယူသူများ၊ ပြခန်းများကို‌ လေ့လာသူများဖြင့် စည်ကား လျက်ရှိသည်။

ပခုက္ကူမြို့၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင်တောင်သူများ လက်ဝယ်ထံ ပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ  ၄

ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ(၂၅.၉၆)ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင်တောင်သူများ လက်ဝယ်ထံပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂) အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁ နာရီက ကျင်းပသည်။

စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်၊ ကျေးရွာအုပ်စု ဆုရရှိသူများအား ဆုများချီးမြှင့်

စစ်ကိုင်း  ဇန်နဝါရီ  ၄

စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်/ကျေးရွာအုပ်စု၊ သားကောင်းမိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်(၇)နာရီက ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

အ.ထ.က(၁) ပန်းတနော်၌ ၂၀၁၉-၂၀၂၀ပညာ သင်နှစ် ဆုချီးမြှင့် ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်း

ပန်းတနော်  ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မြသီတာဆောင်ရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပ

မြိတ်   ဇန်နဝါရီ  ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ယနေ့ နံနက်ပိုင်းက လွတ်လပ်ရေးနေ့  အခမ်းအနားကို မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့တွင် ကျောင်းသား/ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

 

မင်းဘူး  ဇန်နဝါရီ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီရဲမှူး) အောင်ကြည်မြင့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ အထက(၁)ကျောင်း၊ ဦးဩဘာသခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပန်းတနော်မြို့၌ ကျင်းပ

ပန်းတနော်  ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း (တိုးရွှေဝါပန်းခြံ)၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄နာရီ မိနစ် ၂၀အချိန်၌ကျင်းပသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ညောင်ရွှေမြို့၌ ကျင်းပ

ညောင်ရွှေ ဇန်နဝါရီ ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ မိနစ် ၂၀က ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပရာ ဂုဏ်ပြု တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  အလေးပြုခဲ့ကြသည်။

Subscribe to