လှိုင်းဘွဲမြို့နယ် အမှတ်(၃) မူလတန်း(လွန်)ကျောင်းတွင် ဆုချီးမြှင့်ခြင်းနှင့် ပညာရေး စုံညီပွဲတော် အခမ်းအနား ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ     ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်း (လွန်)ကျောင်းနှင့် ကျောင်းသား မိဘများ ပူးပေါင်းကျင်းပသော ၂၀၁၉-၂၀၂၀ပညာသင်နှစ် ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

 

စေတုတ္တရာ    ဇန်နဝါရီ     ၃

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အားကစားကွင်း၌ စတင်  ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများကို အားကစားနည်း (၁၇)မျိုးဖြင့် စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား

မြဝတီ ဇန်နဝါရီ ၃

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပရိုဘောက်ကားတစ်စီးနှင့် Express ကားတစ်စီးတို့ ယဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပရိုဘောက်ကားပေါ်ရှိ ခရီးသည် (၇) ဦး သေဆုံးခဲ့ပြီး Express ကားမှာ ချောက်ထဲပြုတ်ကျခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)

 

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

 

ပုဗ္ဗသီရိ     ဇန်နဝါရီ    ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

 

ဝိုင်းမော်           ဇန်နဝါရီ            ၃

ဇန်နဝါရီလ ၄ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၈နာရီခွဲ ဝိုင်းမော်မြို့ ဧရာမော်ပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။

သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

ဂန့်ဂေါ   ဇန်နဝါရီ    ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ သမိုင်းဝင် ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က အသက် ၇၅ နှစ်နှင့် အထက် အဘိုး၊ အဖွားများအား သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် နမောတဿ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ ရတနာသုံးပါးအား ဩကာသကန်တော့ချိုးဖြင့်ပူဇော် ကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကျင်းပ

သရက်    ဇန်နဝါရီ    ၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌  သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက သတ္တဌာနဘုရားကြီးတွင် ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား ဖွင့်လှစ်ပေးပြီးနောက် ယဉ်ကျေးမှုတက္ကသိုလ် စောင်းအဆိုတော် မဏိသာက ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ပြီး ဆရာတော် သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ခြင်းဂါထာတော်ဖြင့်  ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။

ကျိုက်လတ်၌ လူထုတွေ့ဆုံပွဲကျင်းပ

 

ကျိုက်လတ်       ဇန်နဝါရီ            ၃

ကျိုက်လတ်မြို့နယ် ၊ (၂) ဖြတ်လမ်းရှိ သဒ္ဓမ္မရံသီသာသနာ့ဗိဗ္မာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် (၃) နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက် (၆) ခုမှ ဒေသခံပြည်သူများ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပခဲ့သည်။

အ.ထ.က ကြာအင်းဆိပ်ကြီး၌ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပမည်

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူဟောင်းများက တာဝန်ယူဦးဆောင်ကြီးကြပ်မှုဖြင့် အဆိုပါကျောင်း၌ ပညာသင်ကြား ပေးခဲ့သော ဆရာကြီး ‌ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးတရားများကို သိတတ်ရိုသေသောအားဖြင့် ဂါရဝပြုပူဇော်ကန်တော့လိုခြင်း၊ ရပ်ဝေးရပ်နီးမှ ကျောင်းသားကျောင်းသူများ အချင်းချင်း ပြန်လည်တွေ့ဆုံပြီး ကျောင်းတော်ကြီးအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်စေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ပွင့်ဖြူ      ဇန်နဝါရီ      ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယမန်နနေ့မှ စတင်ကာ မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရမည့် ကောက်ကွက် (၁၅) ကွက်ကို ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့် ထံမှ သိရသည်။

Subscribe to