ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်များ ပူးပေါင်းကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၅

ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်(နေ့သင်တန်း)များ ပူးပေါင်း၍ ဇန်နဝါရီလ ၃ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ  ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

လပွတ္တာမြို့ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

လပွတ္တာ ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော လပွတ္တာမြို့ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို  ဆောင်ရွက်လျက်ရှိသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

မံစီ    ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ်  ဇန်နဝါရီ    ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပညာရေးကို ထိရောက်သော သင်ကြားမှုနှင့်သင်ယူမှုရှိစေရန်  ရည်ရွယ်၍ ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့်(၇၅)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၆

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်  မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် စာဆိုတော်နေ့နှင့်ပတ်သက်သည့်စိတ်ကြိုက်ခေါင်းစဉ်ဖြင့် နံနက်ပိုင်းတွင် (၁၇)ဦး၊ နေ့လယ်ပိုင်းတွင်(၈)ဦး၊ စုစုပေါင်းစာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင် ယှဉ်ပြိုင်ကြသည်။

ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကြက်ရိုးကျေးရွာ အုပ်စု၊ လယ်ဓမ္မကျေးရွာတွင် နွေရာသီရေရှားပါမှု မဖြစ်ပေါ်စေရေး စက်ရေတွင်း တူးဖော်

ဂန့်ဂေါ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကြက်ရိုးကျေးရွာ အုပ်စု၊ လယ်ဓမ္မကျေးရွာတွင် နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မွမ်းမံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအား ဇန်နဝါရီလ ၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အိမ်မဲမြို့၌မော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များစနစ်တကျပြေးဆွဲရေး ကွင်းဆင်းစစ်ဆေး

အိမ်မဲ  ဇန်နဝါရီ  ၆

ဧရာ၀တီတိုင်းဒေသကြီး၊     မြောင်းမြခရိုင် ၊   အိမ်မဲမြို့နယ်  မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များ စနစ်တကျပြေးဆွဲရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူး ကျင်းပပူဇော်သော (ပထမအကြိမ်) နှစ်သစ်ဦးမင်္ဂလာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆောင်းရာသီ ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကံမ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မင်းတုန်းချောင်း၊ မဒေးချောင်းဘေး ဝဲယာတစ်လျှောက်ရှိ မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့် ဆောင်းရာသီပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

အဆိုပါ ပဲစိုက်ခင်းများတွင် ပဲတီစိမ်းစိုက်ဧက ၁၃၀၅၅ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲစိုက်ဧက ၁၄၈၀၄ ဧကနှင့် ကုလားပဲ၊ မတ်ပဲ အစရှိသည့်ပဲစိုက်ခင်းများအား စိုက်ပျိုးထားရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

Subscribe to