မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားများရှိ အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်
ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက် (၁၁၈) လမ်းနှင့် (၁၁၉) လမ်းများ၏ နောက်ဖေးလမ်းကြားများရှိ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ တာဝန်ရှိသူများနှင့် ပရဟိတလုပ်အားပေးသူများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နောက်ဖေးလမ်းကြား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။