ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၇

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အား/ကာ သိပ္ပံကျောင်း (လွိုင်ကော်) ဘော်လီဘောအားကစားရုံခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပွဲဦးထွက်အဖြစ် ဘုရားဖြူအသင်းနှင့်ဒေါတီပို့အသင်းတို့ စတင်ယှဉ်ပြိုင်ရာတွင် ဘုရားဖြူအသင်းက နှစ်ပွဲပြတ်အနိုင်ရရှိပြီး ဘောလီဘောပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲတွင် အမျိုးသမီး(၅)သင်းနှင့်အမျိုးသားအသင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းလေး

ရွှေတောင်မြို့တွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၇               

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေတောင်(အ.ထ.က) ကျောင်းရတနာခန်းမတွင် ယနေ့နံနက် ၉နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သနပ်ပင်မြို့နယ်၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲ ကျင်းပ

သနပ်ပင်၊ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲခေါင်းစဉ်ဖြင့်  ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက သနပ်ပင်မြို့နယ် ရစ်ကံလေးကျေးရွာ ကယ်ဆယ်ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၇

Universal Health Coverage Day UHC လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီခွဲက ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။

သာယာဝတီမြို့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

သာယာဝတီ ဇန်နဝါရီ ၇

သာယာဝတီမြို့တွင်  လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဝေါ ဇန်နဝါရီ ၇

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဝေါမြို့ အခြေခံပညာ အထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျောင်စိုးဦးနှင့် ဌာနဆိုင်ရာ အကြီးကဲများ မြို့နယ်ပညာရေးမှူးဒေါ်ခင်ဝင်းနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ဆုရ ကျောင်းသား/ကျောင်းသူများ မိဘများတက်ရောက်ခဲ့ကြသည်။

 

သီပေါတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သီပေါ ဇန်နဝါရီ ၇

ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ တရားမဝင်သစ်တုံး (၈၇) တုံးနှင့် ယာဉ် (၂) စီး သိမ်းဆည်းရမိ

ကလိန်အောင် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်းတွင် ဇန်နဝါရီ  ၆ ရက် မနက် ၉ နာရီခန့်က တရားမဝင်သစ်သားစကွဲယားတုံး (၈၇) တုံးနှင့် ယာဉ်(၂)စီး သိမ်းဆည်းရမိကြောင်း သိရသည်။

နမ့်ဆန် အထက (၂) ၌ ပညာရေးစုံညီပွဲတော် ကျင်းပ

နမ့်ဆန် ဇန်နဝါရီ ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမဆောင်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရ

ပွင့်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ကျင်းမည့် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းအရ သိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပွင့်ဖြူမြို့နယ်၌ ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ ၃၄၃၃ ဦးရှိခဲ့ရာ ယခုနှစ်တွင် ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ ယခင်နှစ်ထက် ၂၀၀ ဦးကျော်ခန့် ပိုမိုများပြားလာကြောင်း သိရသည်။

Subscribe to