ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်

ဗိုလ်တထောင် ဇန်နဝါရီ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်တွင် တာမွေမြို့နယ် မီးသတ်စခန်း၌ ကျင်းပရာ ဗိုလ်တထောင်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး မီးသတ်ဝတ်စုံများပေးအပ်ခဲ့ကာ ရက်သတ္တပတ် (၄) ပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ဒေးဒရဲ ဇန်နဝါရီ ၇

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇန်နဝါရီ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသော နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၈) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မှုခင်းအန္တရာယ်နှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက စံပြ (၆) မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

သံတောင်ကြီး ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီး (အထက) ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်တို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် ပညာရေးမှူး တာဝန်ခံ ဦးစောသာဒူးက ဂုဏ်ပြုအမှာစကားနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဘုတလင်မြို့၌ ကျောင်းတွင်းစာပေဟောပြောပွဲကျင်းပ

ဘုတလင် ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြ၀တီခန်းမ၌ ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းတွင်းစာပေဟောပြောပွဲကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ စာရေးဆရာ ဦးဇော်ခိုင်ဦး၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက လွှတ်တော်၏အခန်းကဏ္ဍမှ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးဇော်ခိုင်ဦးက ပျော်စေ၊ ရွှင်စေ၊ အသိဉာဏ်ပညာထက်မြက်စေ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် တွန်းဇံမြို့ မြို့နယ်မီးသတ်စခန်းတွင် ကျင်းပသည်။

မိုးမောက်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲ ကျင်းပ

မိုးမောက် ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့တွင် ပြည်သူ့စကားဝိုင်း ကျင်းပမည်

လှိုင်းဘွဲ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို အ.ထ.က(မဲဆမိတ်) ကျောင်း၌ ဇန်နဝါရီ လ ၁၀ ရက်နေ့တွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် လယ်မှီးအထက်တန်းကျောင်း (ခွဲ)တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီတွင် လယ်မှီးအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦး(သစ္စာ-မိုးညှင်း)က အဖွင့်မိတ်ဆက်စကားပြောကြားပြီး ဦးတင်ဦး(မင်းကိုဦး-မိုးညှင်း)က မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မနုဿကျော်ဝင်းထံမှ ပေးပို့သည့် ၁၃၈၁ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားသည်။

Subscribe to